စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

စူးစမ်းလေ့လာ သွားချင်စရာ (၇)

ရန်ကုန် -တောင်ငူ – နေပြည်တော် – မကွေး – မင်းဘူး – ငဖဲ – ရွှေစက်တော် – မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည် – ငပလီ – ပုသိမ် – မော်တင်စွန်း ခရီးစဉ်

အပိုင်း(၄) ပြည်မှသည် ရခိုင်ရိုးမကို ကျော်၍ ဒွါရာ၀တီ ဆီသို့

          ရွှေဘုံသာ မုနိဘုရားက ထွက်တော့ မနက် ၁၀ နာရီထိုးခါနီးနေပါပြီ။ မိနစ် ၃၀ လောက်မောင်းပြီးတော့ ဥသျှစ်ပင် လမ်းခွဲကို ရောက်ပါတယ်။ ပုသိမ်-မုံရွာလမ်းမ ပေါ်က လမ်းခွဲပါ။ ရှေ့တည့်တည့်မှာတော့ ရခိုင်ရိုးမကို မြင်နေရပါပြီ။ ရခိုင်ရိုးမဖြတ်လမ်း (၃) ခုရှိပြီး ယခု ပြည်-တောင်ကုတ် လမ်းက အလယ်ဖြတ်လမ်းပါ။ မိုင် ၁၀၀ ခန့် သာရှိပြီး ဓါတ်ပုံရိုက်လိုက် ခဏနားလိုက်ဖြင့် မောင်းတာမလို့ ၄ နာရီလောက်မောင်းခဲ့ရပါသည်။ လမ်းပြင်နေတာတော့ တွေ့ပြီး အရမ်းကြီး မကောင်းသေးပါ။ လမ်းတစ်ဝက်လောက်မှာ တောင်ပုံကြီး စစ်ဆေးရေးစခန်းရှိပါသည်။ အမည် မှတ်ပုံတင်အမှတ် ပေးလိုက်ရုံပါပဲ။

ဥသျှစ်ပင်လမ်းခွဲ

Continue Reading


စူးစမ်းလေ့လာ သွားချင်စရာ (၇) ၊အပိုင်း(၃) လည်ပတ်စရာ ပြည်မြို့ အနီးမှာ

စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ – နေပြည်တော် – မကွေး – မင်းဘူး – ငဖဲ – ရွှေစက်တော် – မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည် – ငပလီ – ပုသိမ် – မော်တင်စွန်း ခရီးစဉ်
အပိုင်း(၃) လည်ပတ်စရာ ပြည်မြို့ အနီးမှာ

ရွှေဆံတော်စေတီတော်

Day 6 ပြည်မြို့ နှင့် အနီးအနားလည်ပတ်ခြင်း
နွေရာသီကျောင်းပိတ်ရက် ခရီးစဉ်ရှည်တာမလို့ ခရီးတစ်ဝက် ပြည်မှာ ၂ ညအိပ်လောက်နားပြီး အေးအေးဆေးဆေးလည်ပတ်ဖို့ စီစဉ်ခဲ့ပါသည်။ ပြည်မြို့ဆိုတာ ရှည်လျားသော သမိုင်းများနှင့် လေ့လာ လည်ပတ်စရာတွေ ကလည်းများပါတယ်။ နောင်ရိုးမိုတယ်က မိသားစုအခန်းကို နံနက်စာအပါ ၂၅၀၀၀ ကျပ်ပါ။ စျေးလည်း သက်သာပြီး ဝန်ဆောင်မှုလည်းကောင်းပါတယ်။

ပြည်မြို့ဆိုတာ န၀ဝါသီ မြို့ဟောင်းပါ
Continue Reading


စူးစမ်းလေ့လာ သွားချင်စရာ (၇) အပိုင်း(၂) ရွှေစက်တော် – မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည် ခရီးစဉ်

စူးစမ်းလေ့လာ သွားချင်စရာ (၇)
ရန်ကုန် -တောင်ငူ – နေပြည်တော် – မကွေး – မင်းဘူး – ငဖဲ – ရွှေစက်တော် – မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည် – ငပလီ – ပုသိမ် – မော်တင်စွန်း ခရီးစဉ်
အပိုင်း(၂)

ဗိဿနိုးမြို့ဟောင်း

Day 5 မင်းလှ – ကွေ့ချောင်း – ဗိဿနိုး – ပြည်
ရွှေစက်တော်က အပြန်တော့ ပုသိမ်-မုံရွာလမ်း မှ တဆင့် မင်းဘူးသို့ ပြန်ခဲ့ပါသည်။ ရွှေစက်တော် မှ ထွက် တာ နောက်ကျလို့ မင်းဘူးရောက်တော့ ထမင်းစားချိန်ရောက်နေပါပြီ။ နေ့လယ်စာကို မင်းဘူးက ဂျွိုင်းထမင်းဆိုင် မှာစားဖြစ်ပါသည်။ ထမင်းဆိုင်က ကျယ်ဝန်းသန့်ရှင်းပြီး စျေးသင့်ပါသည်။ အရသာလည်းကောင်းပါသည်။ မင်းဘူး စျေး နှင့်လည်း နီးတာနှင့် ကြက်သွန်နီ သွားဝယ်လိုက်သေးတယ်။ မကွေးတိုင်းက ကြက်သွန်နီ ကနာမည်ကြီးပဲလေ။

မင်းလှခံတပ်
Continue Reading